• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နဲ့ ဖုန်လိယွမ်- ဒီဟာ အချစ်ရဲ့ အဓိပ္ပါယ်

(GMT+08:00) 2018-05-21 09:22:29

 

ယမန်နေ့ဟာ မေလ ၂၀ရက်နေ့ ဖြစ်တယ်။ 5.20ရဲ့ တရုတ်လို အသံထွက်ဟာ တရုတ်လို "ခင်ဗျားကို ချစ်တယ်"ဆိုတဲ့ အသံထွက်နဲ့ နီးစပ်လို့ ဒီနေ့အား ချစ်သူများက အချစ်ကို ဖော်ပြတဲ့ ပွဲတော်နေ့ အဖြစ် သဘောထားကြတယ်။ အခု တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နဲ့ ဇနီးဖုန်လိယွမ်ရဲ့ အချစ်နဲ့ ပတ်သက်ပြီး ရေးသားဖော်ပြမယ်။

၁၉၈၇ခုနှစ် စက်တင်ဘာလက ရှီကျင့်ဖိန်နဲ့ ဖုန်လိယွမ်ဟာ လက်ထပ်ခဲ့တယ်။ လက်ထပ်ပြီးပေမဲ့ ခေါင်းဆောင်ကေဒါ တစ်ဦး အနေနဲ့ ရှီကျင်ဖိန်က အခြား ဒေသတွေကို အမြဲသွားရောက် ကွင်းဆင်းလေ့လာလေ့ရှိသလို အဲဒီ အချိန်တုန်းက တပ်မတော်မှ အဆိုတော် ဖြစ်တဲ့ ဖုန်လိယွမ်က တရုတ်ပြည် ဒေသ အသီးသီးမှာ တပ်စွဲထားတဲ့ တပ်မတော် တပ်မှူး တပ်သားများ အတွက် တင်ဆက်ပြသပေးဖို့ အခြားဒေသတွေကိုလည်း အမြဲ သွားရောက်လေ့ရှိတယ်။ သူတို့ နှစ်ဦးတို့ဟာ အတူနေထိုင်ကြတဲ့ အချိန်တိုပြီး ကွဲကွာတဲ့အချိန်ကတော့ ရှည်တယ်။ ဒါပေမဲ့ ရှီကျင့်ဖိန်နဲ့ ဖုန်လိယွမ်ဟာ အပြန်အလှန် သိရှိနားလည်မှုနဲ့ မှတ်မှတ်ရရ အမြဲထားရှိကြတယ်။ အဲဒီအချိန်တုန်းက ရှီကျင့်ဖိန် အလုပ်လုပ်တဲ့ ဖူကျန့်ပြည်နယ်မှာ ဆောင်းရာသီရောက်ရင် အေးလို့ ဖုန်လိယွမ်ဟာ ရှီကျင့်ဖိန် အတွက် ဂွမ်းကပ်စောင် တစ်ခုကို ကိုယ်တိုင် လုပ်တယ်။ ဖုန်လိယွမ် စီစီတီဗီ ကျင်းပတဲ့ တရုတ် ရိုးရာနှစ်သစ် ပဒေသာကပွဲ ပါဝင် တင်ဆက်ပြသတဲ့ အခါမှာ ရှီကျင့်ဖိန်ဟာ အိမ်မှာ ဖက်ထုပ်ထုပ်ပြီး ဖုန်လိယွမ် အိမ်ပြန်တဲ့ အထိ စောင့်တယ်။ ရှီကျင့်ဖိန်ဟာ မိဘအား ဝတ်ကြေအောင် ပြုစုစောင့်ရှောက်ပြီး ဇနီးနဲ့ သမီးကိုလည်း ချစ်ခင်ယုယ ပြုစုစောင့်ရှောက်သူ တစ်ဦးလည်းဖြစ်ကာ မိသားစု ချမ်းမြေ့သာယာမှု အပေါ် အင်မတန် အမြတ်တနိုးထား အလေးဂရုပြုသူ တစ်ဦးလည်းဖြစ်တယ်။ ရှီကျင့်ဖိန်နဲ့ ဖုန်လိယွမ်တို့ဟာ အပြန်အလှန် ချစ်ခင်ပြီး ကူညီပံ့ပိုးတယ်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ နောက်ပိုင်းမှာ ရှီကျင့်ဖိန်နဲ့ ဇနီး ဖုန်လိယွမ်တို့ ပြည်တွင်းပြည်ပ ခရီးလှည့်လည်ရာမှာ သူတို့ အကြားရှိ ချစ်ခင်မှု၊ အပြန်အလှန် အားပေးထောက်ခံမှုကို အမြဲတွေ့ရတယ်။

မိသားစု ချမ်းမြေ့သာယာမှု အပေါ် အမြတ်တနိုးထား အလေးဂရုပြုတဲ့ ရှီကျင့်ဖိန်ဟာ တရုတ်ပြည် မိသားစု အားလုံးရဲ့ ချမ်းမြေ့သာယာမှုကို သူရဲ့ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် အဖြစ် ထားရှိတယ်။ ရှီကျင့်ဖိန်က မိသားစုများ၏ ချမ်းမြေ့သာယာမှုနဲ့ တရုတ်ပြည်သူများရဲ့ နေထိုင်မှု အဆင့်အတန်း အဆက်မပြတ် ကောင်းမွန် တိုးမြင့်လာ မှသာ နိုင်ငံတော် ချမ်းသာ တောင့်တင်းရေး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူများ ချမ်းမြေ့သာယာရေးတို့ကို အကောင်အထည်ဖော် နိုင်မယ်လို့ ပြောကြားတယ်။

   Webradio