• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ လယ်ယာထွက် ကုန်ပစ္စည်း ဆိုင်ရာ လိုအပ်မှု အားကောင်းနေ

(GMT+08:00) 2018-05-20 11:29:41

ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ဖြစ်သည့် တရုတ်ပြည်၏ လယ်ယာ စိုက်ပျိုးရေး အရင်းအမြစ်တွင် အားသာချက် မရှိသောကြောင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လယ်ယာထွက် ကုန်ပစ္စည်း တင်သွင်းဝယ်ယူမှု နိုင်ငံ ဖြစ်ကြောင်း၊ တရုတ် ပြည်သူများ၏ နေထိုင်မှု အဆင့်အတန်း တိုးမြင့်လာသည်နှင့် အမျှ အရည်အသွေး ကောင်းမွန်သည့် လယ်ယာထွက် ကုန်ပစ္စည်း အပေါ် လိုအပ်မှု တိုးပွားလာကာ တရုတ်ပြည်၏ လယ်ယာစိုက်ပျိုးရေး တံခါးဖွင့်မှုကို တိုက်ရိုက် တွန်းအားပေးနေကြောင်း၊ တရုတ်ပြည်၏ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် လယ်ယာထွက် ကုန်ပစ္စည်း တင်သွင်းဝယ်ယူမှုသည် အားကောင်းနေကြောင်း၊ လယ်ယာစိုက်ပျိုးရေး နိုင်ငံကြီးများသည် ယင်းအပေါ် အကောင်းဘက်မှ မြင်နေသည်ဟု ပညာရှင်များက ပြောကြားကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

လက်ရှိအချိန်တွင် အမေရိကန် နိုင်ငံသည် အကြီးဆုံး လယ်ယာထွက် ကုန်ပစ္စည်း တင်ပို့ရောင်းချသည့် နိုင်ငံ ဖြစ်ပြီး လယ်ယာမြေ အရင်းအမြစ် ပေါကြွယ်ကာ အတိုင်းအတာ ကြီးမားသည့် လယ်ယာစိုက်ပျိုးကွင်း ထုတ်လုပ်မှုနှင့် အဆင့်မြင့် သိပ္ပံနည်းပညာ စသည့် အားသာချက်များ ရှိကြောင်း၊ တရုတ်-အမေရိကန် လယ်ယာစိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှု ရှေ့အလားအလာ များစွာရှိကြောင်း သက်ဆိုင်ရာ ပညာရှင်က ပြောကြားသည်။

   Webradio