• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစည်းအဝေးတွင်  ရှီကျင့်ဖိန် အရေးကြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2018-05-20 10:49:21

တရုတ်ပြည်လုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစည်းအဝေးကို ယခုလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့ရာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နှစ်ဖက်စလုံးကို ထည့်သွင်းစဉ်းစားပြီး စီမံခန့်ခွဲကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အားဖြည့်ဆောင်ရွက်ပြီး သဘာဝ ပတ်ဝန်းကျင် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ရေး တိုက်ပွဲကြီးတွင် အောင်ပွဲခံရန် ပြတ်သားစွာ ဆောင်ရွက်ပြီး တရုတ်ပြည်၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးရမည်  ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio