• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မွန်ဂိုးလီးယားနိုင်ငံတို့မှ ကျောင်းသားလူငယ်များက ပီကင်းရှင်းယင်းချိုင် အထက်တန်းကျောင်း၌ ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကျင်းပ

(GMT+08:00) 2018-05-19 16:15:11

မေလ ၁၈ ရက်နေ့က Belt & Road Hand in Hand  ကျောင်းသား လူငယ်ဖိုရမ်သို့ ပါဝင်သည့် ကျောင်းသားလူငယ် ၂၈ ဦးတို့သည်၊ ပီကင်းမြို့ရှိ ရှင်းယင်းချိုင် အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး၊  ထွေပြားစုံလင်သည့် ကူးလူးဖလှယ်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ယင်းဖိုရမ်၌ အဆိုပါ နိုင်ငံများမှ ကျောင်းသားလူငယ် ကိုယ်စားလှယ်များသည်၊ အသီးသီးမိန့်ခွန်းပြောကြားခဲ့သည့်အပြင်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မွန်ဂိုးလီးယားနိုင်ငံများမှ သံတမန်အရာရှိတို့သည်၊ ကျောင်းသား လူငယ်များနှင့် နှီးနှောဆွေးနွေးခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio