• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်း၌ ကျင်းပသည့်  Belt & Road, Hand in Hand ကျောင်းသားလူငယ်ဖိုရမ်အပေါ် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ သံတမန်အရာရှိများချီးကျူး

(GMT+08:00) 2018-05-19 16:14:10

     မေလ ၁၈ ရက်နေ့က Belt & Road ၊ Hand in Hand  ကျောင်းသား လူငယ်ဖိုရမ်သို့ ပါဝင်သည့် ကျောင်းသားလူငယ် ၂၈ ဦးတို့သည်၊ ပီကင်းမြို့ရှိ ရှင်းယင်းချိုင် အထက်တန်းကျောင်းသို့ ရောက်ရှိပြီး၊  "ငါတို့ အမိမြေ၊ ငါတို့ အိပ်မက်" ( My Motherland, My Dream)ဟူ၍ ဆောင်ပုဒ်ဖြင့် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မွန်ဂိုးလီး ယားနိုင်ငံတို့မှ ကျောင်းသား လူငယ်ဖိုရမ် လှုပ်ရှားမှုသို့ပါဝင်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသို့ တက်ရောက်သည့် တရုတ်နိုင်ငံ ဆိုင်ရာ အာဆီယံနိုင်ငံများမှ သံတမန်အရာရှိများသည်၊ ယခုအကြိမ် Belt & Road, Hand in Hand ကျောင်းသားလူငယ်ဖိုရမ်အပေါ် တန်ဖိုးထားချီးကျူးခဲ့ကြသည်ဟု စီအာအိုင်က ဖော်ပြသည်။

     တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းက၊ ဒီအစီအစဉ်ကို လာရောက်ပါဝင်ကြတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေအပါအ၀င် ကျောင်းသား အများစုဟာ တရုတ်ပြည်ကို မရောက်ဖူးကြ ကြောင်း၊ တချို့ဆို တစ်ခြားနိုင်ငံတွေကိုလည်း မသွားဖူးကြောင်း၊ အခုလို ကွဲပြားတဲ့ ယဉ် ကျေးမှုတွေ၊ အတွေးအခေါ်တွေ၊ စနစ်တွေရှိတဲ့ နိုင်ငံအားလုံး တစ်နေရာတည်းမှာ စုစည်း ခွင့်ရပြီးတော့ သတ်မှတ်ထားတဲ့ရက်အတွင်းမှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အမြင်ချင်း ဖလှယ်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံ က ကျောင်းသူကျောင်းသားတွေအတွက် ရော အခြားနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ အတွက်ပါ များစွာအကျိုးရှိတယ်လို့ ယူဆကြောင်း " ပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။

 

   Webradio