• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းမြို့၌ Belt & Road, Hand in Hand ကျောင်းသားလူငယ်ဖိုရမ်ကျင်းပ

(GMT+08:00) 2018-05-18 18:15:10

Belt & Roadတစ်လျှောက်ရှိ နိုင်ငံများရဲ့  Hand in Hand  ကျောင်းသား လူငယ်ဖိုရမ်ကို မေလ (၁၈)ရက်နေ့တွင် ပီကင်းမြို့ ရှင်းရိုင်းချိုင် ( Xin Ying Cai) အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Hand in Hand ကျောင်းသားလူငယ် ဖိုရမ်ကို  "ငါတို့ အမိမြေ၊ ငါတို့ အိပ်မက်" ( My Motherland, My Dream)ဆိုတဲ့ ဆောင် ပုဒ်နှင့် ကျင်းပခဲ့ပြီး တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မွန်ဂိုးလီး ယားနိုင်ငံတို့မှ ကျောင်းသားလူငယ်ကိုယ်စားလှယ်(၇၀)ဦးပါဝင်ခဲ့ပါတယ်။ ဖိုရမ်မှာ နိုင်ငံ အလိုက် ကျောင်းသားတွေက မိမိနိုင်ငံတွေရဲ့ ရေမြေသဘာဝ ယဉ်ကျေးမှု အမွေအနှစ်တွေ ကိုရှင်းပြခြင်း၊ ၊ အနာဂတ်မှာ မျှော်လင့်ထားတဲ့ အိပ်မက်တွေကို တင်ပြခြင်း၊ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် သံအမတ်ကြီးတွေနှင့် ကျောင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ခြင်း စတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖိုရမ်အပြီး ညပိုင်းမှာတော့ ကျောင်းသားကိုယ်စား လှယ်များဟာ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းဖြင့် ရိုးရာယဉ်ကျေးမှုများကို ဖလှယ်ခဲ့ကြ တယ်လို့သိရပါတယ်။

အဆိုပါ Hand in Hand ဖိုရမ်နှင့်ပတ်သက်ပြီး  တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းက " ဒီအစီအစဉ်ကို လာရောက်ပါဝင်ကြတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေအပါအ၀င် ကျောင်းသားအများစုဟာ တရုတ်ပြည်ကို မရောက်ဖူးကြ ကြောင်း၊ တချို့ဆို တစ်ခြားနိုင်ငံတွေကိုလည်း မသွားဖူးကြောင်း၊ အခုလို ကွဲပြားတဲ့ ယဉ် ကျေးမှုတွေ၊ အတွေးအခေါ်တွေ၊ စနစ်တွေရှိတဲ့ နိုင်ငံအားလုံး တစ်နေရာတည်းမှာ စုစည်း ခွင့်ရပြီးတော့ သတ်မှတ်ထားတဲ့ရက်အတွင်းမှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အမြင်ချင်း ဖလှယ်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက် ရော အခြားနိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက်ပါ များစွာအကျိုးရှိတယ်လို့ ယူဆကြောင်း " ပြောပါတယ်။

Hand in Hand အစီအစဉ်အရ တက်ရောက်လာကြတဲ့ ကျောင်းသားကိုယ်စား လှယ်များဟာ ရှီးအန်းမြို့နှင့် ပီကင်းမြို့တို့ရဲ့ အထင်ကရနေရာတွေကိုလည်း သွားရောက် လေ့လာခဲ့ပြီးဖြစ်ကာ ဆက်လက်ပြီးတော့လည်း ပူကျိုးမြို့၊ ကွမ်ကျိုးမြို့၊ ဟန်ကျိုးမြို့နှင့်  ကျူးဟိုင်မြို့တို့လည်း သွားရောက်လေ့လာကြဦးမယ်လို့သိရပါတယ်။  ဒီလို တရုတ်နိုင်ငံ ကို လာရောက် လေ့လာခွင့်ရတာနှင့်ပတ်သက်လို့လည်း မြန်မာကျောင်းသား ကိုယ်စား လှယ်အဖွဲ့မှာပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အထက် တန်းကျောင်းမှ သတ္တမတန်းကျောင်းသူ မအိမ့်မှူးခင်က " တရုတ်နိုင်ငံကို ပထမဦးဆုံး ရောက်ဖူးတာဖြစ်တဲ့အတွက် များစွာစိတ်လှုပ်ရှားမိကြောင်း၊ လေ့လာခဲ့တဲ့ အချိန်တွေ အတွင်းမှာ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတွေကို တွေ့မြင်သိရှိခဲ့ရကြောင်း၊ အထူး အားကျ အတုယူဖွယ်ကောင်းတာက ပြည်သူ့ရင်ပြင်မှာ အလံတင်တာဖြစ်ကြောင်း၊ သူတို့နိုင်ငံရဲ့ အလံကို မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ အလံတင်အခမ်းအနားပြုလုပ်နေတာကို များစွာ အားကျမိကြောင်း" ပြောပါတယ်။

အဆိုပါ Belt & Road, Hand in Hand အစီအစဉ်ကိုတော့ တရုတ် ပရဟိတအသင်းချုပ် ( China Charity Federation)က စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

   Webradio