• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာန ခေါင်းဆောင်များ အဌမ အကြိမ်မြောက် အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-05-18 15:25:18

ယခုလ ၁၇ရက်နေ့က ကျင်းပခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာန ခေါင်းဆောင်များ အဌမ အကြိမ်မြောက် အစည်းအဝေးတွင် ဘက်အသီးသီးတို့က လက်ရှိအချိန်တွင် မူးယစ်ဆေးဝါး ဆိုင်ရာ ဆိုးရွားသည့် အခြေအနေနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရေး အတွက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများ အနေနှင့် သဘောထား ရပ်တည်ချက်များကို တစ်ဆင့်တိုး ညီညွတ်စေပြီး ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်ရန် လိုအပ်သည်ဟု ယူဆကြ ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထို့အပြင်၊ ၄င်းအစည်းအဝေးတွင် လက်ရှိ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စနစ်နှင့် ကုလသမဂ္ဂမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပဋိညာဉ်စာချုပ် ၃ရပ်၏ သြဇာကို  ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ပြီး မူးယစ်ဆေးဝါးအား တရားဝင် ဖြစ်စေရန် ဆန့်ကျင်ရေး အပါအဝင် အဓိက သဘောတူညီချက် ၄ချက် ရရှိခဲ့ကြကြောင်း သိရသည်။

   Webradio