• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြတိုက်လည်ပတ်ကြည့်ရှုခြင်းသည် တရုတ်ပြည်သူများ၏ နေထိုင်မှု ပုံစံသစ် ဖြစ်လာ

(GMT+08:00) 2018-05-18 15:23:30

နှစ်တိုင်း မေလ ၁၈ရက်နေ့သည် နိုင်ငံတကာ ပြတိုက်နေ့ဖြစ်သည်။ ယခုနှစ် နိုင်ငံတကာ ပြတိုက်နေ့၏ ဆောင်ပုဒ်မှာ "စပါဆက်စပ်မှုရှိသော ပြတိုက်-နည်းလမ်းသစ်၊ ပြည်သူသစ်" ဟူ၍ ဖြစ်ကြောင်း၊ ယနေ့ မေလ ၁၈ရက်နေ့တွင် တရုတ်ပြည်ရှိ ပြတိုက်ကြီးများတွင် လှုပ်ရှားမှု ၁၀၀ကျော် ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မကြာခင်နှစ်များက တရုတ်ပြတိုက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ပြတိုက်လည်ပတ် ကြည့်ရှုခြင်းသည် တရုတ်ပြည်သူများ၏ နေထိုင်မှု ပုံစံသစ် ဖြစ်လာကြောင်း၊ နှစ်စဉ် တရုတ်ပြည် တစ်ပြည်လုံးရှိ ပြတိုက်များ ကျင်းပသည့်  ပြပွဲနှင့် အသိပညာပေး လှုပ်ရှားမှု အရေအတွက်မှာ ၃သောင်းကျော်နှင့် ၁သိန်း၁သောင်းခန့် အသီးသီးရှိပြီး ပွဲကြည့်ပရိသတ် ဦးရေမှာ သန်းပေါင်း ၉၀၀ခန့်ရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

တရုတ် အမျိုးသား ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်း ဌာနမှ စာရင်းအရ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်ပြည် တစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် ပြတိုက် အရေအတွက်မှာ ၄၈၇၃ခုရှိပြီး ခြေလှမ်းမှန်မှန်ဖြင့် တိုးပွားနေကြောင်းလည်း သိရသည်။

 

 

   Webradio