• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရုပ်ရှင်နှင့် တီဗီအစီအစဉ်များ ပြပွဲ ဖွင့်လှစ်

(GMT+08:00) 2018-05-18 15:22:37

၁၅ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရုပ်ရှင်နှင့် တီဗီအစီအစဉ်များ ပြပွဲကို ယခုလ ၁၇ရက်နေ့က ပီကင်းပြတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ပြပွဲကို China Media Groupက ဦးစီးကျင်းပခြင်းဖြစ်ကြောင်း၊ ဆောင်ပုဒ်မှာ "ခေတ်သစ်၊ ဆောင်ရွက်မှုသစ်၊ အခန်းကဏ္ဍသစ်" ဟူ၍ ဖြစ်ကြောင်း သိရသည်။

မကြာခင်နှစ်များက တရုတ် နိုင်ငံတကာ ရုပ်ရှင်နှင့် တီဗီအစီအစဉ်များ ပြပွဲသည် အာရှဒေသတွင် အတိုင်းအတာ အကြီးမားဆုံး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လုပ်ငန်း ဆိုင်ရာ ပြပွဲ ဖြစ်လာပြီ ဖြစ်ကြောင်း၊ ယခုအကြိမ် ပြပွဲကို ၃ရက်ကြာ ကျင်းပပြီး ပြခန်းနေရာ ဧရိယာ အကျယ်အဝန်းမှာ စတုရန်း မီတာပေါင်း ၂သောင်းရှိကာ နိုင်ငံနှင့် ဒေသ ၅၀ကျော်မှ ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၃၀၀ကျော်သည် ယခုအကြိမ်ပြပွဲတွင် ပါဝင်ကြကာ ပြည်တွင်းပြည်ပ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အစီအစဉ် ၈သောင်းခန့် ပြသမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ ယခုအကြိမ် ပြပွဲတွင် "ဒီဂျစ်တယ်၏ပါဝါ- အစီအစဉ် တိုင်းတာရေးနှင့် တန်ဖိုး လေ့လာရေး"ဖိုရမ်၊ "၂၀၁၈ တရုတ် တီဗီဇာတ်လမ်း ထုတ်လုပ်ရေး ထိပ်သီး ဖိုရမ်"စသည့် လှုပ်ရှားမှုများကို ကျင်းပပြီး တီဗီ အစီအစဉ်များ ဖြန့်ချိရေး လေ့လာမှု ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကိုလည်း ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

 

   Webradio