• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် စပိန် နိုင်ငံခြားရေးဝန်ကြီး ဒါ့စ်တစ် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-05-18 11:01:02

        ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မာဒရစ်မြို့၌ စပိန် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖုန်ဆို-ဒါ့စတစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိက စပိန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း၌ သြဇာညောင်းမှု ကြီးမားသော နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး ဥရောပသမဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ကြောင်း၊ စပိန်နိုင်ငံသည် ဥရောပနိုင်ငံများတွင် တရုတ်ပြည်၏ မိတ်ဆွေကောင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်-စပိန် ဆက်ဆံမှု ကောင်းမွန်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် အပြန်အလှန် နားလည်ပြီး အလေးထားကာ အမြုတေအကျိုးစီးပွားနှင့် အဓိက အာရုံစိုက်မှုများကိုလည်း အပြန်အလှန် ထောက်ထားကြကြောင်း၊ ယခုနှစ်သည် တရုတ်-စပိန် သံတမန်အဆက်အသွယ် ထားရှိသည့် ၄၅ နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး တရုတ်-စပိန် ဆက်ဆံမှုတွင် သမိုင်းနှင့် ရှေ့အလားအလာကို ဆက်စပ်စေသော အရေးကြီး နှစ်တစ်နှစ်ပင်ဖြစ်ကြောင်း ပြောကြားသည်။

        ဒါ့စ်တစ်က စပိန်-တရုတ် ဆက်ဆံမှုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ဆက်သွယ်မှု များပြားကာ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုလည်း အဆင်ပြေစွာ ဆောင်ရွက်နေကြောင်း၊ တရုတ်-စပိန် သံတမန်အဆက်အသွယ် ထားရှိသည့် ၄၅ နှစ်မြောက်ကာလအတွင်း စပိန်-တရုတ် ဆက်ဆံမှုကို မြှင့်တင်မည်ဖြစ်ကြောင်း၊ စပိန်နိုင်ငံသည် တရုတ်ခေါင်းဆောင်များ၏ စပိန်ခရီးစဉ်ကို မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio