• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံကုန်ပစ္စည်းပြပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပ

(GMT+08:00) 2018-05-18 10:56:51

     တရုတ်-အာဆီယံကုန်ပစ္စည်းပြပွဲကို ယမန်နေ့ ၁၇ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယင်းသည် တရုတ်-အာဆီယံကုန်စည်ပြပွဲ မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ပြပွဲကျင်းပခြင်းဖြစ်သည်ဟု စီအာအိုင်သတင်းအရသိရသည်။

     တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်နှင့်အာဆီယံ ၁၀ နိုင်ငံ အတူကျင်းပသော စီးပွားကုန်သွယ်ရေးကူးလူးဖလှယ်မှု တိုးမြှင့်သည့် အရေးကြီး ပလက်ဖေါင်းဖြစ်ပြီး နှစ်စဉ် စက်တင်ဘာလတွင် တရုတ်ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပကာ ၁၄ ကြိမ် ဆက်တိုက်ကျင်းပပြီးဖြစ်သည်။ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးသည် တရုတ်ပြည်တွင်း၌ သီးသန့်ပြပွဲကျင်းပသည့်အပြင် အာဆီယံနိုင်ငံများ၌ ပြပွဲကို လှည့်လည်ကျင်းပသည်ဖြစ်၍ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများ၌လည်း ကျင်းပခဲ့ကြောင်းသိရသည်။

   Webradio