• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များ ပြပွဲ ဖွင့်လှစ်

(GMT+08:00) 2018-05-18 10:32:06

၁၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များ ပြပွဲကို ယခုလ ၁၇ ရက်နေ့က ဘေကျင်း ပြတိုက်၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် ပြပွဲ၏ ဆောင်ပုဒ်သည် "ခေတ်သစ်၊ ဆောင်ရွက်မှုသစ်၊ အခန်းကဏ္ဍသစ်" ဖြစ်ပါသည်။

ယခုနှစ်များတွင် တရုတ် နိုင်ငံတကာ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များ ပြပွဲသည် အာရှဒေသ၌ အတိုင်းအတာ အကြီးမားဆုံးသော ရုပ်ရှင်၊ ရုပ်မြင်သံကြားလုပ်ငန်း ဆိုင်ရာ ပြပွဲ ဖြစ်လာပါပြီ။ ပြပွဲ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ၂ သောင်းကျော် ရှိ၍ နိုင်ငံနှင့်ဒေသ ၅၀ ကျော်မှ ကုမ္ပဏီ ၃၀၀ ကျော်မှ ရုပ်ရှင်ကား၊ ရုပ်သံကား ၈ သောင်းခန့်ကို ပြပွဲတွင် ခင်းကျင်းပြသနေပါသည်။ ယင်းတို့အနက် ပြည်တွင်းပြည်ပမှ ထူးချွန်သော ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကား၊ မှတ်တမ်းတင်ကား၊ ကာတွန်း၊ ရုပ်သံအစီအစဉ် စသဖြင့် ပါဝင်ထားပါသည်။

ထို့ပြင် ပြပွဲတွင် "ဒီဂျစ်တယ်၏ အင်အား -- အစီအစဉ်များ တိုင်းတာမှုနှင့် တန်းဖိုး ဆိုင်ရာ သုတေသနပြု ဖိုရမ်"၊ "၂၀၁၈ ခုနှစ် တရုတ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ရေးသား ပြုစုရေး ထိပ်သီးဖိုရမ်" စသည့် အခမ်းအနားများကိုလည်း ပြုလုပ်မည် ဖြစ်ပြီး၊ ရုပ်သံ အစီအစဉ်များ ထုတ်လွှင့်မှု နှစ်ပတ်လည် သုတေသန အစီရင်ခံစာကိုလည်း ထုတ်ပြန်မည်ဟု သတင်းရရှိပါသည်။

   Webradio