• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာကျောင်းသားကိုယ်စားလှယ်အဖွဲ့ ပီးကင်းမြို့ ပါရိအလယ်တန်းကျောင်းသို့ သွားရောက်လေ့လာ

(GMT+08:00) 2018-05-17 17:49:13

Belt & Road တစ်လျှောက်ရှိ နိုင်ငံများရဲ့ Hand in Hand အစီအစဉ်ဖြင့် တရုတ် နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံကျောင်းသားကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မေလ(၁၇) ရက်နေ့ မနက်ပိုင်းက ပီကင်းမြို့ရှိ ပါရိအလယ်တန်းကျောင်းကို သွားရောက်ခဲ့ကြပြီး ပါရိ အလယ်တန်းကျောင်းရှိ သင်ကြားမှုသင်ထောက်ကူပစ္စည်းများ၊ သိပ္ပံလက်တွေ့ခန်းများနှင့် ပန်းချီအနုပညာသင်ကြားနေမှုများအား လေ့လာကြည့်ရှုခဲ့ကြပါတယ်။

  ပါရိအလယ်တန်းကျောင်းကို လေ့လာခွင့်ရခြင်းနှင့်ပတ်သက်ပြီး မြန်မာ ကျောင်းသားကိုယ်စားလှယ်အဖွဲ့မှ အုပ်ချူပ်သူ ဆရာမကြီး ဒေါ်ဖြိုးဖြိုးအောင်က "အကျိုး ကျေးဇူးကတော့ အများကြီးပါ။ ဒေသန္တရဗဟုသုတတွေ၊ ပညာရေး ဆိုင်ရာဗဟုသုတတွေ ရနိုင်ကြောင်း၊ အခု ပါရိအလယ်တန်းကျောင်းဟာဆိုရင်လည်း နာမည်ကျော်သိပ္ပံပညာရှင် တွေ များစွာမွေးထုတ်ပေးခဲ့တဲ့ ကျောင်းဖြစ်သလို လက်ရှိ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌကြီး ရှီကျင့်ဖိန်လည်း ဒီကျောင်းမှာ ပညာသင်ကြားခဲ့ဖူးတာ သိရကြောင်း၊ ဒီလိုနာမည်ကြီးတဲ့ ကျောင်းကို မြန်မာနိုင်ငံကကျောင်းသားတွေအား သီးသန့်လေ့လာခွင့်ပြုခဲ့တဲ့အတွက် ကလေးရဲ့အိပ်မက်တွေအကောင်အထည်ဖော်ရာမှာ များစွာအကျိုးရှိနိုင်ကြောင်း" ပြောပါ တယ်။  

မြန်မာကျောင်းသားကိုယ်စားလှယ်အဖွဲ့မှာ ကြီးကြပ်ဆရာမတစ်ဦးနှင့် ကျောင်း သား/သူလေးဦးပါဝင်ပါတယ်။ ဒီ မြန်မာကျောင်းသားကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တဲ့ နေပြည်တော် ပျဉ်းမနား အထက-၂မှ ဆဌမတန်းကျောင်းသူ မယုယနိုင်ကလည်း " ဒီ Hand in Handအစီအစဉ်မှာ ပါဝင်ခွင့်၇တဲ့အတွက် ပျော်ရွှင်ရကြောင်း၊ ဒီအစီအစဉ်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်များစွာအရေးပါနေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဖြစ် အမြဲတမ်းထာဝရတည်ပါစေလို့ ဆုတောင်းကြောင်း" ပြောပါတယ်။

အဆိုပါ Belt & Road တစ်လျှောက်ရှိ နိုင်ငံများရဲ့ Hand in Handအစီအစဉ်မှာ နိုင်ငံပေါင်း (၇)နိုင်ငံပါဝင်ပြီး  မေလ(၁၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရှီးအန်း၊ ပီကင်း၊ ပုကျိုး၊ ဟန်ကျိုး၊ ကျူးဟိုင်၊ ကွမ်ကျိုးမြို့ကို လေ့လာသွားကြမှာဖြစ်တယ်လို့သိရပါတယ်။

   Webradio