• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များ ပြပွဲ ကျင်းပ

(GMT+08:00) 2018-05-17 16:37:47

၁၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များ ပြပွဲကို ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်း ပြတိုက်၌ စတင် ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသ ၅၀ ကျော်မှ ကုမ္ပဏီများ ပါဝင် ခင်းကျင်း ပြသကြပါသည်။ နိုင်ငံခြား မီဒီယာနှင့် ပရိသတ်များသည် တရုတ် ယဉ်ကျေးမှု ရသမြောက်လှသော တရုတ် ရုပ်ရှင်ကားနှင့် ရုပ်မြင်သံကြားကားများအပေါ် စိတ်ဝင်စားနေကြပါသည်။

တရုတ် မီဒီယာအုပ်စု ဦးစီး ပြုလုပ်သော ယခုအကြိမ် ပြပွဲတွင် ကုမ္ပဏီ ၃၀၀ ကျော်မှ ရုပ်ရှင်ကား၊ ရုပ်သံကား ၈ သောင်းခန့်ကို ပြသနေပြီး ယင်းတို့အနက် ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကား၊ မှတ်တမ်းတင်ကား၊ ကာတွန်း၊ ရုပ်သံအစီအစဉ် စသဖြင့် ပါဝင်ထားပါသည်။

တရုတ် အသံလွှင့်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များ ကူးသန်းရောင်းဝယ်ရေး စင်တာ မန်နေဂျာချုပ် မဒမ် ရှင်ကားနင်က၊ ယခုအကြိမ် ပြပွဲသည် မီဒီယာအုပ်စု အနေနှင့် ပထမဆုံးအကြိမ် ဦးစီး ပြုလုပ်သော ပြပွဲ ဖြစ်သည့်အပြင် ခေတ်သစ်သို့ ဝင်ရောက် ပြီးနောက် ပထမဆုံးအကြိမ် ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်များဆိုင်ရာ ပြပွဲလည်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ယခုအကြိမ် ပြပွဲတွင် ပထမဆုံးအကြိမ် အဖြစ် VR ဇုန်၊ မီဒီယာသစ်ဇုန်၊ ဘာသာပြန် နောက်ခံစကားပြော ရုပ်ရှင်ကား၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများဇုန်၊ သံရုံးများဇုန် စသဖြင့် ထားရှိသည့်အပြင် ပိုးလမ်းမကြီးဆိုင်ရာ ရုပ်မြင်သံကြားအစီအစဉ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဇုန်လည်း သီးသန့် ထားရှိကြောင်း သိရပါသည်။

   Webradio