• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန် နျူကလီးယား စာချုပ် အတွက် ဥရောပ သမဂ္ဂမှ ကြိုးပမ်းမှုကို ကုလ အားပေးထောက်ခံ

(GMT+08:00) 2018-05-17 16:17:55

ဥရောပ သမဂ္ဂ ကော်မတီ ဥက္ကဌ ယွန်ကာသည် ယခုလ ၁၆ရက်နေ့က ဘရပ်ဆဲမြို့တွင် အလည်အပတ် ရောက်ရှိလာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်တို့က လက်ရှိအခြေအနေမျိုး၌ ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ရေး စနစ်ကို ထိန်းသိမ်းကာကွယ်ရေးသည် အလွန် အရေးကြီးကြောင်း ဖော်ပြကြသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ကူတယ်ရက်စ် က အကြမ်းဖက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုစသည့် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရေး အတွက် ဘက်ပေါင်းစုံ လုပ်ငန်းဌာနများနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေးကို တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ယင်းအတွက် ဥရောပနှင့် ဥရောပ သမဂ္ဂ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးကြောင်း ပြောကြားသည်။

ထို့အပြင်၊ ကူတယ်ရက်စ်က ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ရေး စနစ် ထိန်းသိမ်းကာကွယ်ရေး အတွက် ဥရောပ သမဂ္ဂ၏ အခန်းကဏ္ဍ အပေါ် ချီးကျူးကြောင်း၊ လက်ရှိ ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်နေသော ကမ္ဘာတွင် ပိုမိုစည်းလုံးညီညွတ်ပြီး တွင်ကျယ်သော ဥရောပသမဂ္ဂ အနေနှင့် အမြုတေ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်လောင်း ဖော်ပြသည့် အပြင်၊ အီရန် နျူကလီးယား သဘောတူ စာချုပ်ကို ကယ်ဆယ်ရေး အတွက် ဥရောပ သမဂ္ဂမှ ကြိုးပမ်းဆောင်ရွက်မှုများကို လုံးဝ အားပေးထောက်ခံကြောင်းလည်း ဖော်ပြသည်။

    ယွန်ကာက အီရန် နျူကလီးယား ပြဿနာသည် ယခုအကြိမ် အစည်းအဝေး၏ အဓိက ဆွေးနွေးရန် ခေါင်းစဉ် ဖြစ်ကြောင်း၊ အီရန် နျူကလီးယား သဘောတူ စာချုပ်သည် ဆက်လက် တည်ရှိသင့်သည်ဟု ဥရောပ သမဂ္ဂ ယူဆကြောင်း ပြောကြားသည်။

 

   Webradio