• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ လုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူးများ အစည်းအဝေးကျင်းပမည်

(GMT+08:00) 2018-05-17 12:50:36

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေး ကွန်ဖရင့်  အတွင်းရေးမှူးများ ၁၃ကြိမ်မြောက် အစည်းအဝေးကို မေလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့ပြီးနောက် ခေါ်ဆိုကျင်းပသော ပထမအကြိမ် အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူးများ အစည်းအဝေးဖြစ်ကြောင်း၊ အဓိကတာဝန်မှာ ဇွန်လတွင် ကျင်းပမည့် ချင်းတော် ထိပ်သီး အစည်းအဝေးကို ကျင်းပရန်အတွက် နိုင်ငံရေး နှင့် လုံခြုံရေးပြင်ဆင်မှု ပြုလုပ်ရန် ဖြစ်ကြောင်း မေလ ၁၆ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio