• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးတို့ တွေ့ဆုံ ဆွေးနွေး

(GMT+08:00) 2018-05-17 12:06:34
တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယိသည် ယခုလ ၁၆ရက်နေ့က ပါရီမြို့၌ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး လေဒရီအန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ၀မ်ယိက၊ ယခုနှစ် ဇန်န၀ါရီလတွင် ပြင်သစ် သမ္မတ မာကရွန်သည် တရုတ်ပြည်သို့ အောင်မြင်စွာ ခရီးလှည့်လည်ခဲ့ကြောင်း၊နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-ပြင်သစ် ဆက်ဆံမှု တိုးတက်ရေးအတွက် အရေးကြီးလမ်းညွန်ရေးမူများကို ချမှတ်ခဲ့ပြီး နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘက်စုံစီမံခန့်ခွဲပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံ၏ နိုင်ငံတကာ၌ အဆင့်နေရာနှင့် သြဇာသက်ရောက်မှုများကို အလေးထားပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို အလေးထားပါကြောင်း ပြောကြားပါသည်။

   Webradio