|
||||||||
|
|||||||||||||
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက လွန်ခဲ့သည့်နှစ်များ အတွင်း Belt & Road တည်ဆောက်မှုသည် အကြံအဆမှ လုပ်ဆောင်ချက်အထိ လက်တွေ့ကျကျ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖြစ်လာပြီး သိသာထင်ရှားသော အောင် မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တံခါးဖွင့်ရေးကို ဆက်လက်တိုးချဲ့ပြီး Belt & Road တည်ဆောက်မှုကို တွန်းအားပေးကာ Belt & Road ကမ်းလှမ်းချက်၏ အခွင့်အလမ်း နှင့် အောင်မြင်မှုရလဒ်ကို တစ်ကမ္ဘာလုံး အတူမျှဝေခံစားစေမည်ဖြစ်ကြောင်း ယမန်နေ့ ၁၆ ရက်နေ့က ဘေကျင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။
၁၅ ရက်နေ့တွင် တရုတ်နှင့် ထရီနီဒက်နှင့်တိုဘာဂိုတို့သည် Belt & Road တည်ဆောက်မှု အတူတွန်းအားပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ချုပ်ဆိုခဲ့သည်ဟု သိရသည်။
|