• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြောက်ကိုးရီးယားလုပ်သားပါတီချစ်ကြည်ရေးအဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00) 2018-05-17 11:06:35

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယမန်နေ့ ၁၆ ရက်နေ့က ဘေကျင်းမြို့၌ မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုဒုဥက္ကဋ္ဌ ပတ်တယ်စမ် ဦးဆောင်သော မြောက်ကိုးရီးယား လုပ်သားပါတီ ချစ်ကြည်ရေးအဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်သည် ခေတ်သစ်သို့ ဝင်ရောက်သကဲ့သို့ မြောက်ကိုးရီးယားဆိုရှယ်လစ် ဖွံ့ဖြိုးတိုးတက်ရေးလည်း သမိုင်းဝင်ခေတ်သစ်သို့ ဝင်ရောက်ပြီဖြစ်ကြောင်း၊ မိမိတို့အနေနှင့် မြောက်တောင်ကိုးရီးယားဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးကို ထောက်ခံပြီး မြောက်ကိုးရီးယား-အမေရိကန် ဆွေးနွေးပွဲနှင့် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေးတို့ကို ထောက်ခံကာ မြောက်ကိုးရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူနေထိုင်မှု ပိုမိုကောင်းမွန်စေရေးတို့ကို ထောက်ခံ၍ ဥက္ကဋ္ဌကင်ကျုံအန်ဦးဆောင် သော မြောက်ကိုးရီးယား ပါတီနှင့်ပြည်သူများ ကိုယ့်နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း လျှောက်လှမ်းခြင်းကို ထောက်ခံကြောင်းပြောကြားသည်။

   Webradio