• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အင်ဒို သမ္မတ ဂျိုကို အား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို

(GMT+08:00) 2018-05-17 10:58:31

့       တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ မကြာမီရက်များက အင်ဒိုနီးရှား၌ ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍၊ ယခုလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

 ထိုသဝဏ်လွှာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗာပြည်နယ် ဆူရာဘာယာမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း ကြားသိရပြီးနောက်၊ မိမိသည်၊ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား၊ ၊ အပြစ်ကင်းမဲ့သည့် သေဆုံးသူ များအတွက် ဝမ်းနည်းကြေကွဲကြောင်း၊ အပြစ်ကင်းမဲ့သော ဒဏ်ရာရရှိသူနှင့် သေဆုံးသူများ ၏ ကျန်ရစ်သည့် မိသားစုများအပေါ် ရိုးသားဖြူစင်စွာ နှစ်သိမ့်အားပေးကြောင်း ဖေါ်ပြခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio