• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၀ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အရာရှိဟောင်းများ ဆွေးနွေးပွဲ ကျင်းပပြီးစီး

(GMT+08:00) 2018-05-17 09:31:34

၁၀ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အရာရှိဟောင်းများ ဆွေးနွေးပွဲကို ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ပါသည်။

အစည်းအဝေး တက်ရောက်သော တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များက၊ နှစ်ဖက်တို့ တစ်ဆင့်တိုး တံခါးဖွင့်ရန်မှာ လက်ရှိ တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု တိုးတက်ရေးအတွက် အကျိုးရှိနိုင်မည် ဖြစ်ကြောင်း တညီတညွတ်တည်း ယူဆကြပါသည်။

အမေရိကန်ပြည်ဘက်မှ ကိုယ်စားလှယ်များက၊ အခွန်များ မြင့်မားစွာ ကောက်ခံရန် လုပ်ရပ်မှာ မှားယွင်းသည် ဖြစ်ပြီး အမေရိကန်၏ ကိုယ့်အကျိုးစီးပွါးကို ထိခိုက်နိုင်မည် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားပါသည်။

လာမည့်အကြိမ် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အရာရှိဟောင်းများ ဆွေးနွေးပွဲကို ယခုနှစ် နိုဝင်ဘာလတွင် အမေရိကန်၌ ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio