• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"နှလုံးသားထဲက ပုဂံ" ဓါတ်ပုံပြပွဲ ကျင်းပ

(GMT+08:00) 2018-05-17 09:23:25

     "နှလုံးသားထဲက ပုဂံ" ဓါတ်ပုံပြပွဲကို မကြာမီက ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက်၌ စတင် ကျင်းပပြီ ဖြစ်ကြောင်း၊ ပုဂံ၏ သဘာဝ ရှုခင်းသာများ၊ စေတီပုထိုး အနုပညာနှင့် ရိုးရာ ဓလေ့စရိုက်များ အပါအဝင် အကြောင်းအရာ အမျိုးမျိုး ပါဝင်သော ဓါတ်ပုံ ၂၀၀ ကျော် ပြသထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ပြပွဲတွင် ပြသနေသော ဓါတ်ပုံအားလုံးမှာ မြန်မာ ဓါတ်ပုံဆရာနှင့် ဓါတ်ပုံ ဝါသနာရှင်များ လှူဒါန်းပေးခြင်း ဖြစ်ကြောင်း၊ ဓါတ်ပုံ တစ်ပုံကို အမေရိကန် ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချနေပြီး ရောင်းရငွေ အားလုံးကို ပုဂံ၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွင် အသုံးပြုမည် ဖြစ်ကြောင်း သိရပါသည်။

လက်ရှိ အချိန်တွင် မြန်မာ အစိုးရနှင့် ပြည်သူများသည် ပုဂံက ၂၀၁၉ ခုနှစ် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် အမည်စာရင်းတွင် ဝင်နိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း သိရပါသည်။

   Webradio