• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံရဲ့ အဓိကလေဆိပ်ကြီး (၄)ခုကို အကြီးစားပြင်ဆင်မှုပြုလုပ်နေ

(GMT+08:00) 2018-05-16 17:48:15

တရုတ်နိုင်ငံရဲ့ အဓိကလေဆိပ်ကြီး (၄)ခုကို အကြီးစားပြင်ဆင်ချဲ့ထွင်မှုတွေကို ပြုလုပ်နေပါတယ်။ကမ္ဘာ့လေယာဉ်ခရီးသည်အသွားလာဆုံးလေဆိပ်တွေဖြစ်အောင်ရည်မှန်းချက်နှင့် လုပ်ဆောင်နေတာဖြစ်ပါတယ်။

      ရှန်ရှီးပြည်နယ် (Shaanxi province) Xi'an Xianyang နိုင်ငံတကာလေဆိပ်ကို ပြင်ဆင်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လက်ရှိမှာ ပြင်ဆင်မှုအမှတ်-၃ဆောင်ရွက်ဖို့ရှိပြီး ဒီလေဆိပ် ကနေ ပြည်တွင်းခရီးသည်သွားလာမှု သန်း(၁၁၀)ကနေ(၁၂၀)အထိ တိုးမြှင့်နိုင်မှာဖြစ်ပါ တယ်။

       ဒီပြင်ဆင်မှုအမှတ်-၃ကို ပြီးခဲ့တဲ့နှစ်က တရုတ်မြို့ပြလေကြောင်းသွားလာမှု စီမံခန့် ခွဲရေးဌာန ( Civil Aviation Administration 0f china)က တရားဝင်အတည်ပြုခဲ့ပြီးဖြစ် ပါတယ်။ ဒီပြင်ဆင်မှုအမှတ်-၃တွင် လေယာဉ်ပြေးလမ်း(၂)လမ်းနှင့် စတုရန်းမီတာ(၇)သိန်း ရှိတဲ့ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းတွေပါဝင်ပါတယ်။

     ဒီလေယာဉ်ကွင်းရဲ့ ပြင်ဆင်မှုအမှတ်-၂ကို ၂၀၁၅ခုနှစ်က ပြီးဆုံးခဲ့ပြီး အခု ဒီလေဆိပ် ဟာဆိုရင် နှစ်စဉ် ခရီးသည် (၅)သန်းသွားလာမှုရှိနေပါတယ်။ ဒါပေမယ့် ၂၀၂၀မှာတော့ ခရီးသည် (၅၅)သန်းအထိ မျှော်မှန်းထားတယ်လို့သိရပါတယ်။

      ယူနန်ပြည်နယ် ကူမင်းမြို့က ချန်ရွှီနိုင်ငံတကာလေဆိပ် (Changshui Interna- tional Airport)ကို ပြင်ဆင်ဖို့ရှိပါတယ်။ ၂၀၃၀မှာ ခရီးသည် သန်း(၁၂၀) နှင့်ကုန်ပစ္စည်း တင်ချိန် (၁.၂)သန်း တိုးမြင့်အောင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

      နောက်ထပ်မြို့နှစ်မြို့ဖြစ်တဲ့ ချိန်ဒူး (Chengdu)နှင့် ချုံချင့် (Chongqing)မြို့မှာလည်း ဒုတိယတန်းလေဆိပ်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမြို့နှစ်မြို့က လေဆိပ် တွေမှာ ခရီးသည် သန်း(၁၀၀)ထက်အသီးသီး ပိုမိုသွားလာနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ 

      အမေရိကန်နိုင်ငံက Hartsfield- Jackson Altanta International Airportဟာ  ၂၀၁၇ခုနှစ်က ကမ္ဘာ့လေယာဉ်ပျံသန်းမှုအများဆုံးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်တွင်း၊ ပြည်ပခရီးသည်ပေါင်း (၁၀၃.၉)သန်း ၀င်ရောက်ခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံအနေ နဲ့လည်း ရှီအန်း၊ကူမင်း၊ ချိန်ဒူးနှင့် ချုံချင့်မြို့တို့က လေဆိပ်တွေပြင်ဆင် မှုပြီးစီးသွားခဲ့ရင် တော့ ကမ္ဘာ့လေယာဉ်ခရီးသည်အသွားလာမှုအများဆုံးအဆင့်ကိုရောက်ရှိလာမယ်လို့ သိရ ပါတယ်။ 

 

Source; People' daily china

   Webradio