• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ်မြောက် AI နည်းပညာက လူသားများအား သာယာမှုဖန်တီးပေးရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးများအစည်းအဝေးဖွင့်လှစ်

(GMT+08:00) 2018-05-16 14:39:32

      ၃ ရက်ကြာကျင်းပသည့် ဒုတိယအကြိမ်မြောက် AI နည်းပညာက လူသားများအား သာယာမှုဖန်တီးပေးရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးများအစည်းအဝေးကို ယခုလ ၁၅ ရက်နေ့က ဂျီနီဗါ နိုင်ငံတကာကြေးန်းဆက်သွယ်ရေးသမဂ္ဂ ဌာနချုပ်ရုံး၌ ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် အစည်းအဝးတွင် AI နည်းပညာ အသုံးပြုပြီး ကုလသမဂ္ဂ ဆက်တိုက်ဖွံ့ဖြိုးရေး ရည်မှန်းချက် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကာ၊ လူသားများအတွက် သာယာမှု ဖန်တီးပေးရေးနှင့်စပ်လျဉ်း၍ အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြ သည်။

နိုင်ငံတကာ ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ အတွင်းရေးမှူးချုပ် ကျောက်ဟို့လင်က၊ AI နည်းပညာက လူသားများအား သာယာမှုဖန်တီးပေးရေးဆိုင်ရာ အစီအစဉ် လှုပ်ရှားမှုသည်၊ နိုင်ငံတကာကြေးနန်းဆက်သွယ်ရေးသမဂ္ဂမှ ကြီးမှူးသည့် ကုလသမဂ္ဂက AI နည်းပညာ အကျိုးအမြတ်ကို အဓိကလေ့လာဆွေးနွေးသော အဓိက ပလက်ဖောင်း တစ်ခုဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio