• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံ ၇ နိုင်ငံမှ လူငယ်များ တွဲလက်များ တရုတ်ခရီးစဉ် စတင်

(GMT+08:00) 2018-05-16 13:51:27

        တရုတ် ပရဟိတအဖွဲ့ချုပ်က ဦးစီးကျင်းပသော Belt and Road၊ ပြည်သူ့ဆန္ဒဆက်နွှယ်ခြင်း ဟူသော နိုင်ငံ ၇ နိုင်ငံမှ လူငယ်များ တွဲလက်များ တရုတ်ခရီးစဉ်ကို ယခုလ ၁၄ ရက်နေ့က ရှမ်ရှီးပြည်နယ် ရှီးအန်းမြို့၌ စတင်ပြုလုပ်ခဲ့ကြောင်း၊ ရှီးအန်းမြို့သည် ယင်းခရီးစဉ် နေရာ ၅ ခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ မွန်ဂိုးလီးယား၊ ဗီယက်နမ်နှင့် ထိုင်းစသည့် ၇ နိုင်ငံမှ လူငယ်များ ယင်းခရီးစဉ်တွင် ပါဝင်ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုအကြိမ် နိုင်ငံ ၇ နိုင်ငံမှ လူငယ်များ တွဲလက်များ တရုတ်ခရီးစဉ်သည် ရှီးအန်းမြို့အပြင် ပီကင်း၊ ဟန်ကျိုး၊ ဖူကျိုးနှင့် ကျူးဟိုင် ၄ မြို့၌ ခရီးလှည့်လည်ပြီး ယခုလ ၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio