• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အိုမန် Belt and Road လက်တွဲတည်ထောင်ရန် သဘောတူစာချုပ်ချုပ်ဆို

(GMT+08:00) 2018-05-16 13:47:26

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၅ ရက်နေ့က အိုမန်နိုင်ငံခြားရေးဝန်ကြီး အာလာဝီနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် တရုတ်-အိုမန်နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထားရှိခဲ့သော နှစ် ၄၀ ပြည့်နှစ်ကို အခွင့်ကောင်းအဖြစ်ထားရှိကာ နှစ်ဘက်တို့၏ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုပိုမိုခိုင်မာလာအောင်ဆောင်ရွက်မည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

အာလာဝီက အိုမန်နိုင်ငံသည် Belt and Road တည်ထောင်ရေးတွင် တက်ကြွစွာပါဝင်မည်ဖြစ်ပြီး အိုမန်-တရုတ်ပူးပေါင်းဆောင်ရွက်ရေးအဆင့်အတန်းကို အဆက်မပြတ်မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio