• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရှင်းကျန်းယဉ်ကျေးမှုကူးလူးဖလှယ်ရေးကိုယ်စားလှယ်အဖွဲ့သည် အီရတ်သို့ ခရီးလှည့်လည်

(GMT+08:00) 2018-05-16 13:47:03

တရုတ်ရှင်းကျန်းယဉ်ကျေးမှုကူးလူးဖလှယ်ရေးကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၁၄ ရက်နေ့က အီရတ်နိုင်ငံဆိုင်ရာတရုတ်သံရုံးတွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာတွင် တရုတ်နှင့်နိုင်ငံခြားမီဒီယာများအား တရုတ်နိုင်ငံ၏လွတ်လပ်စွာဘာသာကိုးကွယ်မှု ပေါ်လစီနှင့်ရှင်းကျန်း၏စီးပွါးရေး၊လူမှုရေးဖွံ့ဖြိုးမှုအောင်မြင်မှုများကို ရှင်းလင်းပြောကြားခဲ့ ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ကိုယ်စားလှယ်အဖွဲ့ဥက္ကဋ္ဌ၊တရုတ်နိုင်ငံခြားချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌရှီုကွေ့ရှမ်က ယခုအကြိမ် တရုတ်ရှင်းကျန်းယဉ်ကျေးမှုကူးလူးဖလှယ်ရေးကိုယ်စားလှယ်အဖွဲ့၏ အီရတ်ခရီးစဉ်သည် အီရတ်နယ်ပယ်အသီးသီးက ရှင်းကျန်း၏သမိုင်းယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စီးပွါးရေး၊ လူမှုရေးတိုးတက်မှုနှင့်ဘာသာရေးကိုးကွယ်မှုအပေါ်နားလည်သိရှိ မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

   Webradio