• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားလုပ်သားပါတီချစ်ကြည်ရေးအဖွဲ့ တရုတ်ပြည်၌ ခရီးလှည့်လည်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအတည်ပြု

(GMT+08:00) 2018-05-16 13:35:38

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက မြောက်ကိုးရီးယား လုပ်သားပါတီချစ်ကြည်ရေးအဖွဲ့သည် ယခုလ ၁၄ ရက်နေ့မှစ၍ တရုတ်နိုင်ငံ၌ ခရီးလှည့်လည်နေသည် ဟု ယမန်နေ့ ၁၅ ရက်နေ့က ဘေကျင်း၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားကြောင်း စီအာအိုင်သတင်းအရသိရသည်။

ချစ်ကြည်ရေးအဖွဲ့သည် တရုတ်ပြည်တွင်းစီးပွားရေးတည်ဆောက်မှုနှင့် တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးအောင်မြင်မှုကို လေ့လာပြီး နှစ်ပါတီ နိုင်ငံရေး စီမံအုပ်ချုပ်မှု အတွေ့အကြုံများကို ကူးလူးဖလှယ်မည်ဖြစ်ကြောင်း လူခမ်းက ပြောကြားသည်။

   Webradio