• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူဟို့ ဦးဆောင်သော တရုတ် ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ ရောက်ရှိ

(GMT+08:00) 2018-05-16 13:22:50
အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲ၏ တရုတ်ပြည်ဘက် ခေါင်းဆောင် လျူဟို့ ဦးဆောင်သော တရုတ် စီးပွါး ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယခုလ ၁၅ ရက်နေ့က ဝါရှင်တန်သို့ ရောက်ရှိ ခဲ့ပါသည်။ တရုတ် ကိုယ်စားလှယ်အဖွဲ့ဝင်များအနက်၊ တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ ယီကမ်း၊ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ နင်ဂျီကျေ၊ ဗဟို ဘဏ္ဍာရေး ကော်မတီရုံး ဒုဥက္ကဋ္ဌ လျောင်မင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျင့်ကျေကွမ်၊ စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး လိုဝင် စသည့် အဓိက စီးပွါးရေး ဌာနများမှ ပုဂ္ဂိုလ်များ ပါဝင်ထားကြောင်း သတင်းရရှိပါသည်။
   Webradio