• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် ၇၄ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဘန်ကောက်တွင် ကျင်းပ

(GMT+08:00) 2018-05-16 11:37:00

        မေလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ၊ ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် ၇၄ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ ဥက္ကဋ္ဌ၊ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် အမှုဆောင်အတွင်းရေးမှူး Shamshad Akhtar ၊ အိမ်ရှင်ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၅၀၀ ခန့်တို့သည်၊ ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

အစည်းအဝေးတွင်၊ ၂၀၃၀ ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးရေးအစီအစဉ်နောက်ခံ၌ မညီမျှမှု ဟူသော အဓိကအကြောင်းအရာဆိုင်ရာ ယေဘုယျအားဖြင့်     ချေတင်ပြောဆိုသည့်အပြင်၊ ဘက်ပေါင်းစုံဝါဒနှင့် ရှေ့တန်းသိပ္ပံနည်းပညာစသည့် ဆွေးနွေးချက်များ နှင့် စပ်လျဉ်း၍ သီးသန့်ဆွေးနွေးခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio