• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၀ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိဟောင်းများ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2018-05-16 09:29:22

တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေး ဗဟိုဌာနနှင့် အမေရိကန် ပြည်လုံးကျွတ် ကုန်သွယ်ရေးအသင်းတို့ ပူးတွဲ ပြုလုပ်သော ၁၀ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိဟောင်းများ ဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ပီကင်း၌ ကျင်းပ နေကြောင်း၊ တရုတ်ပြည် စွမ်းအင်၊ လေကြောင်းလုပ်ငန်း၊ သံမဏိ၊ မော်တော်ကား ထုတ်လုပ်ရေး၊ စားနပ်ရိက္ခာ စသည့် လုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် အမေရိကန် ဆက်သွယ်ရေး၊ ဆေးဝါးနှင့် ဆေးဝါးကုသရေး ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ငွေရေးကြေးရေး၊ သတင်းအချက်အလက်နည်းပညာ၊ သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု စသည့် နယ်ပယ်မှ ပုဂ္ဂိုလ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေး တက်ရောက်သော အမေရိကန်မှ ပုဂ္ဂိုလ်များက၊ တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့သည် အခက်အခဲ၊ စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင် လျက်ရှိသော်လည်း နှစ်ဖက်အကြား အပြန်အလှန် အကျိုးရှိစေရန် အခွင့်အလမ်း များစွာ ရှိမြဲ ရှိနေသေးကြောင်း ဖေါ်ပြခဲ့ကြပါသည်။

   Webradio