• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗဟို နိုင်ငံခြား ရေးရာလုပ်ငန်း ကော်မတီ အစည်းအဝေးကို ရှီကျင့်ဖိန် ကြီးမှူးကျင်းပ

(GMT+08:00) 2018-05-16 09:26:40

                                                                                                                                                                            

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို နိုင်ငံခြား ရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဗဟို နိုင်ငံခြား ရေးရာလုပ်ငန်း ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာ လုပ်ငန်းအပေါ် ခေါင်းဆောင်မှုကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် ၂ ရပ် ဖေါ်ဆောင်ရန်နှင့် တရုတ် အမျိုးသား မွန်မြတ်သော ရှင်သန်ရေး အိပ်မက် ဖေါ်ဆောငရန်အတွက် အကျိုးပြု စွမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio