• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဘန်ကီမွန်းနှင့် တွေ့ဆုံ

(GMT+08:00) 2018-05-16 09:24:45

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ပိုအော် အာရှဖိုရမ် ကောင်စီ ဥက္ကဋ္ဌ ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ ပိုအော် အာရှဖိုရမ်ကို ယခု ရာစုနှစ် အစဦးပိုင်းတွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကနဦးရည်မှန်းချက်မှာ အာရှနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ပြီး စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန်နှင့် အာရှနိုင်ငံများ၏ သြဇာညောင်းမှုကို တိုးမြှင့်ရန်တို့ ဖြစ်ကြောင်း၊ ဖိုရမ်၏ တည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးခြင်းသည် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဖြစ်စဉ်နှင့် တစ်ပြိုင်တည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တံခါးဖွင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ပြီး တံခါးဖွင့် ပတ်ဝန်းကျင်ထဲတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဘန်ကီမွန်းကလည်း၊ မျက်မှောက်အခြေအနေတွင် ဖိုရမ်သည် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံရန် ရှင်းလင်း ပြတ်သားစွာ အချက်ပြရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio