• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားနှင့် ပြင်သစ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို တရုတ် ပြစ်တင်ရှုတ်ချ

(GMT+08:00) 2018-05-15 11:15:31

        ယခုလ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက မကြာခင်က အင်ဒိုနီးရှားနိုင်ငံ နှင့် ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြေမ်းဖက်တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        လူခမ်းက တရုတ်ပြည်ဘက်သည် အကြမ်းဖက်မှုမှန်သမျှကို ကန့်ကွက်ပြီး ပြင်သစ်နှင့် အခြားနိုင်ငံများနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

   Webradio