• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ပိုအော် အာရှဖိုရမ်ကောင်စီ ဥက္ကဋ္ဌသစ် ဘန်ကီမွန်းနှင့် တွေ့ဆုံ

(GMT+08:00) 2018-05-15 10:57:54

      တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်၊ ယခုလ ၁၄ ရက်နေ့ က ပီကင်းတွင် ပိုအော် အာရှဖိုရမ်ကောင်စီ ဥက္ကဋ္ဌသစ် ဘန်ကီမွန်းနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း  ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ဖိုရမ်ကောင်စီဥက္ကဋ္ဌအဖြစ် အရွေးခံရခြင်းအပေါ် ဝမ်ယိက ဘန်ကီမွန်းအား ဂုဏ်ပြု ကြောင်း ဖော်ပြသည့်အပြင်၊ ပိုအော် အာရှဖိုရမ် တည်ထောင်ခဲ့သည့် ၁၇ နှစ်အတွင်း တိုးတက်အောင်မြင်မှုများစွာရရှိခဲ့ပြီး၊ ဖိုရမ်၏ အိမ့်ရှင်နိုင်ငံအနေနှင့်၊ တရုတ်ပြည်သည် ဖိုရမ်ဖွံ့ဖြိုးရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio