• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road အဆိုပြုချက် ကုလ အရာရှိ တန်ဖိုးထားချီးကျူး

(GMT+08:00) 2018-05-15 10:57:14

     ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် ၇၄ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနား၌ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် အမှုဆောင်အတွင်းရေးမှူး Shamshad Akhtar က၊ မိန့်ခွန်းပြောကြားခဲ့ရာ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်  Belt and Road အဆိုပြုချက်၏ အရေးကြီး နက်    ဓိပ္ပါယ်အပေါ် တန်ဖိုးထားချီးကျူးကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြ သည်။

ဆက်လက်၍ Akhtar က၊ ဒေသဆိုင်ရာ စီးပွားရေးတပြေးညီဖြစ်စေရေးသည်၊ အာရှ- ပစိဖိတ်ဒေသဖွံ့ဖြိုးရေး၏ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်း၊  ဥက္ကဋ္ဌရှီကျင့်ဖိန်၏ Belt and Road အဆိုပြုချက်သည်၊ အရေးကြီးအနက်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio