• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road အဆိုပြုချက် ကျင့်သုံးခဲ့သည့် ငါးနှစ်အတွင်း အောင်ကျိုးရလဒ် များစွာ ရရှိ

(GMT+08:00) 2018-05-15 10:05:42

၂၀၁၈ ခုနှစ်သည် Belt and Road အဆိုပြုချက် တင်ပြခဲ့သည့် ၅ နှစ်ပြည့် ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း Belt and Road အဆိုပြုချက်ကို ဘက်စုံ အကောင်အထည်ဖေါ် ကျင့်သုံးခဲ့ရာ အောင်ကျိုးရလဒ် များစွာ ရရှိနိုင်ခဲ့ပါသည်။ အနာဂတ်တွင် တရုတ် နိုင်ငံသည် Belt and Road တည်ဆောက်ရေးကို အဓိကရအဖြစ် ထားပြီး ဘက်စုံ တံခါးဖွင့်ရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ပါသည်။

ယခုနှစ် ဧပြီလ အထိ တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၈၆ ခုနှင့် Belt and Road ပူးတွဲ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု စာတမ်း ၁၀၁ ရပ်ကို ချုပ်ဆိုပြီ ဖြစ်ပြီး လုပ်ငန်းနယ်ပယ်များမှာ အခြေခံ အဆောက်အဦ၊ ကုန်ထုတ်စွမ်းအား၊ ရင်းနှီးမြှုပ်နှံရေး၊ စီးပွါးကုန်သွယ်ရေး၊ ငွေကြေး၊ သိပံ္ပနည်းပညာနှင့် လူမှုရေး စသဖြင့် ပါဝင်ထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio