• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆဋ္ဌမအကြိမ်မြောက် တရုတ် ငြိမ်းချမ်းရေးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အာရှဖိုရမ်ကို မနီလာ၌ ကျင်းပ

(GMT+08:00) 2018-05-14 15:19:36

        ဆဋ္ဌမအကြိမ်မြောက် တရုတ် ငြိမ်းချမ်းရေးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အာရှဖိုရမ်ကို ယခုလ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ကြောင်း၊ ယင်းဖိုရမ်ကို ဖိလစ်ပိုင်နိုင်ငံမှ တရုတ် ငြိမ်းချမ်းရေးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးအသင်း ဦးစီးကျင်းပခြင်းဖြစ်ကာ တရုတ်ပြည်မကြီး၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့်အခြား နိုင်ငံနှင့်ဒေသမှ ကိုယ်စားလှယ် ၁၀၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံရောက် တရုတ်အနွယ်ဖား ၆၀၀ ကျော်တို့သည် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ နိုင်ငံခြားရောက် တရုတ်အနွယ်ဖားများ သွေးစည်းညီညွတ်ပြီး တရုတ်ပြည် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို တွန်းအားပေးရေး၊ တရုတ်လူမျိုး ရှင်သန်ရေး အိပ်မက် အကောင်အထည်ဖော်ဆောင်ရေး၊ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေးနှင့် လူသားချင်း ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio