• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီဂျစ်-တရုတ်ချစ်ကြည်ရေးအသင်းတည်ထောင်ခဲ့သောနှစ် ၆၀ ပြည့်နှစ်ပတ်လည်ဧည့်ခံပွဲ ကျင်းပ

(GMT+08:00) 2018-05-14 14:47:03

ယခုလ ၁၃ ရက်နေ့က အီဂျစ်-တရုတ်ချစ်ကြည်ရေးအသင်းတည်ထောင်ခဲ့သောနှစ် ၆၀ ပြည့်ဧည့်ခံပွဲကို ကိုင်ရိုမြို့တွင် ကျင်းပခဲ့ကြောင်း၊ အီဂျစ်နိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးစုန်အိုင်ကော်၊တရုတ်ပြည်သူ့နိုင်ငံတကာချစ်ကြည်ရေးအသင်း ဒုဥက္ကဌ လင်အီနှင့်အီဂျစ်-တရုတ်ချစ်ကြည်ရေးအသင်းဒုဥက္ကဌ ဝါလီတို့သည် ယင်း အခမ်းအနားသို့ တက်ရောက်ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ဝါလီက အသင်းတည်ထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်ပယ်အသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်ကို အမြဲကြိုးပမ်းဆောင်ရွက်နေပြီး အီဂျစ်၌တရုတ်ဘာသာစကား သင်ကြားမှုတိုးမြှင့်ရန်လည်းကြိုးစားနေကြောင်းပြောကြားခဲ့သည်။

   Webradio