• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲ့ဖြစ်စေရေးနှင့် ရေရှည်တည်ငြိမ်ရေးအတွက် တွန်းအားပေးနိုင်ရန် တရုတ်မျှော်လင့်

(GMT+08:00) 2018-05-12 10:10:14

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး မြောက်ကိုးရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ပြင်ဆင်မှုလုပ်ငန်းကို တရုတ်ပြည်ဘက်သည် ကြိုဆိုပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် တက်ကြွသော အောင်ကျိုးရလစ်များရရှိနိုင်ရန်လည်း မျှော်လင့်ကြောင်း ယခုလ ၁၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ကင်ရွှမ်က မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲ့ဖြစ်စေရေးနှင့် ရေရှည်တည်ငြိမ်ရေး အတွက်  တွန်းအားပေးနိုင်ရန် တရုတ်ပြည်ဘက်သည် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio