• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ဂျပန်ဘု​ရင်​နှင့် တွေ့ဆုံ

(GMT+08:00) 2018-05-11 15:29:44

      ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်  လီခေ့ချန် သည်၊ တိုကျိုမြို့ ဘုရင့်နန်းတော်၌ ဂျပန်ဘုရင် အာကီဟီတိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ လီခေ့ချန်သည်၊ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက် စကားကို ဘုရင် အာကီဟီတိုအား တစ်ဆင့်ပြောကြားသည့်အပြင်၊ ယခုနှစ်သည်၊ တရုတ်- ဂျပန်ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာသည့် နှစ် ၄၀ ပြည့်ဖြစ်ကြောင်း၊ မိမိ၏ ယခုအကြိမ်ခရီးစဉ် ဖြင့် တရုတ်-ဂျပန်ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုရေးမူရင်းသဘောကို ပြန်လည်သုံးသပ်ပြီး တရုတ်-ဂျပန်ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာစေကာ တစ်ဆင့်တက် တိုးတက်စေရန် တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဘုရင်အာကီဟီတိုကလည်း ဝန်ကြီးချုပ်လီခေ့ချန်၏ ယခုအကြိမ် ဂျပန်နိုင်ငံ တရားဝင် ခရီးစဉ်ဖြင့် ဂျပန်-တရုတ်ဆက်ဆံမှုကို တစ်ဆင့်တက် တိုးတက်စေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio