• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ တရုတ်-ဂျပန်ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်ချုပ်ဆိုရေးဖြစ်စဉ်၌ ပါဝင် သည့် ဂျပန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-05-11 15:29:09

      ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန် သည်၊ တိုကျိုမြို့တည်းခိုရာဟိုတယ်၌ တရုတ်-ဂျပန်ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုရေးဖြစ်စဉ်၌ ပါဝင်သည့် ဂျပန်ကိုယ်စားလှယ်နှင့် ၄င်း၏ မိသားစုများနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ လီခေ့ချန်က ပြီးခဲ့သည့် နှစ် ၄၀ ခန့်က ၂ နိုင်ငံ ခေါင်းဆောင်ဟောင်းတို့သည်၊ မဟာဗျူဟာဆုံးဖြတ်ချက်ကို ပြုလုပ်ပြီး၊ တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ရာ၊ တရားဥပဒေပုံစံဖြင့် တရုတ်-ဂျပန် ပူးတွဲကြေညာချက်ပါ မူများကို အတည်ပြုခဲ့ခြင်းဖြင့်၊ တရုတ်-ဂျပန်ဘိုးစဉ်ဘောင်ဆက် ချစ်ခင်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် ဦးတည်ချက်ကို သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ယာဆို ဖူကူဒါနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ယိုဟေ ကိုနိုစသည့်ပုဂ္ဂိုလ် ၂၀ ကျော်တို့သည်၊ ယင်းတွေ့ဆုံပွဲတွင် ပါဝင်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio