• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစ္စရေးနှင့်အီရန်တို့သည် ဆွေးနွေးခြင်းဖြင့်ပြဿနာကိုဖြေရှင်းရန် ရုရှားပန်ကြား

(GMT+08:00) 2018-05-11 15:06:19

ရုရှားသမ္မတသတင်းရေးရာအတွင်းရေးမှူး ဖေစ်ကိုဖ်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာ့ဖ်ရော့ဗ်နှင့်ဒုနိုင်ငံခြားရေးဝန်ကြီးဘိုဂတန်နိုဖ်တို့က အစ္စရေးနိုင်ငံနှင့်အီရန် နိုင်ငံတို့အနေနှင့်  မိမိကိုယ်ကို ချုပ်တည်းပြီး ဆွေးနွေးခြင်းဖြင့်ပြဿနာကိုဖြေရှင်းရန် ယခုလ ၁၀ ရက်နေ့က ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လာ့ဖ်ရော့ဗ်ူက အစ္စရေးနှင့်အီရန်တို့သည်မကြာမီက စကားအသုံးအနှုန်း ပြင်းထန်သောကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း၊ ရုရှားနိုင်ငံသည် နှစ်နိုင်ငံပြင်းထန်သောဆက်ဆံမှုအပေါ် စိုးရိမ်ကြောင်း၊ နှစ်ဘက်တို့က မိမိကိုယ်ကိုချုပ်တည်းနိုင်ပြီး နိုင်ငံရေးနှင့်နိုင်ငံတကာဆက်ဆံရေးနည်းလမ်းဖြင့်ပြဿနာကို ဖြေရှင်းရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

   Webradio