• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ဂျပန်နှင့်တောင်ကိုးရီးယားထိပ်သီးအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ကြိုဆို

(GMT+08:00) 2018-05-11 14:21:30

ကုလသမဂ္ဂအတွင်းမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူ Dujarric က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterresသည် မကြာမီက ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို ကြိုဆိုပါကြောင်း ယခုလ၁၀ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

အတွင်းရေးမှူးချုပ် Guterresသည် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားသုံးနိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ ပန်မွန်ကျွန်ကြေညာချက်စာတမ်းကို ထောက်ခံခြင်းနှင့် ကိုးရီးယားကျွန်းဆွယ်နျူးကလီးယားကင်းမဲ့စေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကို အားပေးထောက်ခံကြောင်း သတင်းရရှိပါသည်။

   Webradio