• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံအသီးသီးတို့ Belt &Road အခွင့်ကောင်းကို အသုံးပြုပြီး အတူဖွံ့ဖြိုးရေးနှင့်စည်ပင်သာယာရေး အကောင်အတည်ဖော်ရန် တရုတ်ကြိုဆို

(GMT+08:00) 2018-05-04 11:05:57

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က Belt & Roadကမ်းလှမ်းချက်ကို တင်ပြခဲ့သည့်၅နှစ်အတွင်း ပိုမိုများပြားသောနိုင်ငံနှင့် ဒေသများသည် အကျိုးရရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံအသီးသီးတို့ Belt & Road အခွင့်ကောင်းကို အသုံးပြုပြီး အတူဖွံ့ဖြိုးရေးနှင့်စည်ပင်သာယာရေး အကောင်အတည်ဖော်ရန် တရုတ်နိုင်ငံ ကြိုဆိုပါကြောင်း ၃ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

လက်ရှိအချိန်တွင် နိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်း၈၀ကျော်များသည် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဌါန၏စာရင်းအရ တရုတ်ပြည်သည် Belt & Roadတစ်လျှောက်မှ နိုင်ငံများ၌ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၇၅ခုကို တည်ဆောက်ပြီးဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ တရုတ်ပြည်နှင့် Belt & Roadတစ်လျှောက်မှ နိုင်ငံများအကြား သွင်းကုန်ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ၃၃၂၀၀ရှိပြီး နှစ်စဉ်ပျမ်းမျှ ၄ရာခိုင်နှုန်း တိုးလာကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

   Webradio