• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပထမဆုံးသော Cloud end artificial intelligence chip ထုတ်လုပ်

(GMT+08:00) 2018-05-04 09:40:34

တရုတ်ပြည် intelligence chip ဒီဇိုင်း ရေးဆွဲရေး ကုမ္ပဏီ ဖြစ်သည့် ဟန်ဝူကြည့် သိပံ္ပနည်းပညာ ကုမ္ပဏီသည် တရုတ်ပြည်၏ ပထမဦးဆုံးသော Cloud end artificial intelligence chip ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းနှင့် ပတ်သက်ပြီး ယခုလ ၃ ရက်နေ့က ရှန်ဟိုင်း၌ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဟန်ဝူကြည့် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်သူ၊ CEO ဖြစ်သူ ဒေါက်တာ ချင်ထျန်ရှီသည် ယင်းနေ့၌ Cloud end artificial intelligence chip ဖြစ်သည့် MLU100 ကို တရားဝင် ထုတ်ပြန်ခဲ့ပါသည်။ ချင်ထျန်ရှီက၊ အရင်တုန်းက အသုံးပြုသော Terminal smart chip နှင့် နှိုင်းယှဉ်ပါက MLU100 ၏ တွက်ချက်မှု မြန်နှုန်းမှာ အဆပေါင်း ၁၀၀ ခန့် တိုးမြင့် လာကြောင်း ပြောကြားပါသည်။

   Webradio