• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစ္စရေး၏ အီရန်နျူကလီးယားပြဿနာအပေါ် ပြောဆိုချက်ကို ကန်ထောက်ခံ

(GMT+08:00) 2018-05-03 14:42:35

        အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ စောင်ဒယ်စ်က အမေရိကန်နိုင်ငံသည် မကြာခင်ရက်များက အစ္စရေးနိုင်ငံ၏ အီရန်နျူကလီးယား ပြဿနာ ဆိုင်ရာ ပြောဆိုချက်နှင့် ဆောင်ရွက်မှုများကို ထောက်ခံကြောင်း ယခုလ ၁ ရက်နေ့က ပြောကြားသည်။ ထိုနေ့တွင်ပင် အီရန်လွှတ်တော် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေး ပေါ်လစီကော်မတီ ဥက္ကဋ္ဌ အာလာဒင်-ဘရူဂျယ်ဒီက အီရန်နိုင်ငံအား ပြန်လည် အရေးယူလျှင် အီရန်နိုင်ငံသည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ သဘောတူစာချုပ်တွင် ဆက်လက်ပါဝင်မည် မဟုတ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

 

   Webradio