• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယား၌ကန်တပ်စွဲခြင်းနှင့် ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခြင်း မသက်ဆိုင်ဟု မွန်ကျယ်အင်ဆို

(GMT+08:00) 2018-05-03 14:14:22

    သမ္မတ မွန်ကျယ်အင်က တောင်ကိုးရီးယားတွင် အမေရိကန် တပ်စွဲခြင်းနှင့် ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခြင်းတို့သည် သက်ဆိုင်မှုမရှိ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု တောင်ကိုးရီးယားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကင်ယူကီမ်က ယမန်နေ့ ၂ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    တောင်ကိုးရီးယားပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး ချိုမြွန်ကျွန် က နောင်တွင် တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်အဖွဲ့နှင့် တောင်ကိုးရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့များ တပ်စွဲခြင်းသည် ကိုးရီးယားကျွန်းဆွယ်အခြေအနေ ငြိမ်းချမ်းစွာစီမံခန့်ခွဲရေးနှင့် ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ယမန်နေ့ ၂ ရက်နေက ပြောကြားခဲ့ သည်ဟု တောင်ကိုးရီးယားမီဒီယာများမှ သတင်းအရ သိရပါသည်။

   Webradio