• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် လိုအပ်ပါက တင်းမာသော "နိုင်ငံခြားရေးမူဝါဒ"ကို ကျင့်သုံးဆောင်ရွက်မည် ဟု မိုက် ပွန်ပေအို ဆို

(GMT+08:00) 2018-05-03 10:57:58

အမေရိကန်၏အကျိုးစီးပွားကို ဦးစားပေးထိန်းသိမ်းရန်အတွက် အမေရိကန်နိုင်ငံသည် လိုအပ်ပါက တင်းမာသော "နိုင်ငံခြားရေးမူဝါဒ"ကို ကျင့်သုံး ဆောင်ရွက်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မိုက် ပွန်ပေအိုက မေလ ၂ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပွဲ၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် အမေရိကန်၏ လုံခြုံရေး၊ စည်ပင်သာယာမှု နှင့် လွတ်လတ်မှုသည် ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်နေသောကြောင့် မိုက် ပွန်ပေအိုသည် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဦးဆောင်ပြီး အဆိုပါခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းကြ၍ အမေရိကန်ကို ကမ္ဘာ့ဇာတ်ခုံပေါ်၌ "လေးစားမှုခံရပြီး အခြေခံမူရှိသော"ခေါင်းဆောင် အမြဲတမ်းဖြစ်အောင် အာမခံပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပွန်ပေအိုက ပြောကြားခဲ့ပါသည်။

   Webradio