• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်ပေါင်းစုံကုန်သွယ်မှုစနစ် ထောက်ခံကြောင်း အာဆီယံနိုင်ငံများထပ်မံဖော်ပြ

(GMT+08:00) 2018-05-02 14:49:22

      ဧပြီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ၊ ၃၂ကြိမ်မြောက်အာဆီယံ ထိပ်သီးများ အစည်းအဝေးကို စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည်။ အစည်းအဝေးအပြီး ထုတ်ပြန်သော သဘာပတိကြေညာချက်တွင် အာဆီယံနိုင်ငံများအနေနှင့်၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် ဂလိုပယ်လိုင်ဇေးရှင်းဆန့်ကျင်ရေး ပြန်လည်ဦးမော့လာခြင်းအပေါ် အလွန့်အလွန်အရေးထားပြီး၊ ဘက်ပေါင်းစုံကုန်သွယ်မှုစနစ်အပေါ် အစဉ်တစိုက်ထောက်ခံ သော ရပ်တည်ချက်ကို ထပ်မံဖော်ပြကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရသိရသည်။

ထို့အပြင်၊ ယခုအကြိမ်အစည်းအဝေးတွင် အင်တာနက်လုံခြုံမှုပူးပေါင်းဆောင်ရွက်ရေး နှင့် ဒီဂျီတယ်ဇေးရှင်း၊ စံပြအဖြစ်ဖြစ် အာဆီယံဝကွက်အပ်နှံမှုစာချုပ်၊ စင်ကာပူ-အာဆီယံ လူငယ်များရန်ပုံငွေနှင့် အာဆီယံဥဒေညာသင်ကောလိပ်အစီအစဉ်စသည့် အကြောင်း အရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး၊ သဘောတူညီမှုများရရှိခဲ့ကြသည်ဟု သတင်းအရ သိရသည်။

   Webradio